Friday 28 December 2007

အသူရာနာမည်ဖြစ်လာပုံလေးပါ

ကျွန်မ အထက်တန်းတုန်းက အရမ်းရင်းနှီးစွာပေါင်းတဲ့သူငယ်ချင်း မိန်းကလေး ကျွန်မအပါအ၀င် (၅)ယောက်ရှိပါတယ်.... ဒီ (၅)ယောက်က ကျောင်းတက်လဲအတူတူ... ကျူရှင်တက်လဲအတူတူ.....ဆိုးလဲအတူတူ....ကောင်းလဲအတူတူပေါ့ရှင်.. ယုတ်အစွဆုံး စာမရလို့ ဆရာဆူရင်တောင်မှ အတူတူဆူခံရတဲ့သူငယ်ချင်းကောင်းလေးတွေပါ...ကျွန်မတို့ (၅)ယောက်ဟာ ဘယ်တော့မှ နာမည်အရင်းကို မခေါ်ကြပါဘူး.... နာမည်အရင်းကိုပြောင်းပြန်ခေါ်ချင်ခေါ်...မခေါ်ရင် ကျွန်မနာမည်မှာ - သူ ဆိုတာပါတော့ `အသူရာ´ ..အဲလိုပေါ့နော်....အဲဒီထဲက ကျွန်မနာမည် အသူရာဆိုတာ ဖြစ်လာခဲ့တာပါရှင်.....ကျွန်မလဲ သူငယ်ချင်းများကိုလွမ်းတဲ့စိတ်လေးနဲ့ ဒီဘလော့ခ်ရေးတော့လဲ ဒီနာမည်လေးကိုပဲ သုံးဖြစ်ခဲ့တာပါ....

ခုဝင်ကြည့်နေတဲ့တချို့သူငယ်ချင်းတွေက မေးကြတယ်....နာမည်ကြီးကလဲ တမျိုးပဲဆိုပြီးတော့ပေါ့...ဒါကြောင့် ဒီနာမည်လေးနဲ့ပတ်သက်ပြီး ခုလိုရှင်းပြလိုက်ရပါတယ်....
(((သူငယ်ချင်းလေးတွေရယ် အရမ်းလွမ်းပါတယ်))))

No comments: